၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင် အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနဲ့တကွ ကျောင်းသား၊ ကျောင်းသူများဟာ မြန်မာ့ရိုးရာတန်ဆောင်တိုင်အခါသမယရဲ့ အမွန်မြတ်ဆုံးကုသိုလ်တစ်ခုဖြစ်တဲ့ ကထိန်သင်္ကန်းကပ်လှူခဲ့ကြပါတယ်။
ဒါ့အပြင် ကထိန်ရဲ့အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ ကထိန်ပဒေသာပင်တွေ ဝေဝေဆာဆာနဲ့ ကထိန်လှည့်ပြီး အလှူဒါနပြုလုပ်ခဲ့ကြပါတယ်။
